Ticker

6/recent/ticker-posts

“အရေးကြီးကာလ အကန့်အသတ်မရှိ သတ်မှတ်တဲ့ အမိန့် စကစ ထုတ်ပြန်”

 A Myanmar flag background illustration yellow green red stripe white star  Stock Photo - Alamy

စကစ စစ်တပ်က ဒီနေ့က စပြီး  အရေးကြီးကာလ ကိုအကန့်အသတ်မရှိသတ်မှတ်လိုက်ပါတယ်။
ဒီအမိန့်က တပ်မတော်နေ့တို့ လေးလပတ်တို့ မှာသာထုတ်ပြန်လေ့ရှိပြီး ဒီလိုမျိုးတစ်ခါမှ ထုတ်ပြန် လေ့မရှိပါဘူး။
 

အရေးကြီးကာလမှာ  တပ်တွေ လှုပ်ရှားသွားလာခြင်းကို အတက်နိုင်ဆုံး ရှောင်ပြီး မိမိနယ်မြေလုံခြုံရေးသာ ယူရတာပါ။ သူတို့တွေ စစ်ရေးအရ ခံစစ်တစ်ခုတည်ဆောက်ပြီလို့ပြောလို့ရပါတယ်။
 

သူတို့ရဲ့ ထိုးစစ်တွေ မဟန်တော့လို့ ရှိတဲ့နယ်မြေကိုပဲ ရအောင်ထိန်းဖို့သဘောပဲ။ တပ်လှုပ်ရှားမှုရှိတိုင်း သူတို့ ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိနေတာတွေ တပ်တွေက  ပြန့်ကျဲနေတာတွေကြောင့် တပ်တွေကို မိမိ လက်ရှိ နေရာတွေမှာပဲ ခံစစ်ဆင်ခိုင်းတဲ့သဘောပဲ။
 

NUG ရဲ့ တစ်နှစ်ပြည့် လုပ်ဆောင်ချက်တွေက သူတို့ကို တော်တော် တုန်လှုပ်စေတယ်လို့လည်းသိရတယ်။ မနေ့က သူတို့ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေပဲ အစည်းအဝေး ထိုင်ကြတယ်လို့သိရတယ်။ အကြောင်းအရာတော့မသိရဘူး။ ဒီနေ့ အဲ့အမိန့်ထွက်လာတာပါပဲ။

Post a Comment

0 Comments